Explore Destinations
Discover our customized tour programs to US, Canada, and Europe.


အမေရိကားခရီးစဉ်
(US Tour 2025)
ခရီးစဉ်စထွက်မည့်နေ့- စက်တင်ဘာလ
တစ်ဦးလျှင် $5950 တိတိ
ခရီးစဉ်တလျှောက် အင်တာနက်နဲ့ဖုန်းခေါ်ဆိုလို့ရတဲ့ AT&T တယ်လီဖုန်းဆင်းမ်ကဒ်များပေးတယ်နော်…
-------------------------------------
ခရီးစဉ်အတွင်းရောက်မယ့် အထင်ကရနေရာများကတော့-
New York City
San Francisco
Washington D.C
Niagara Falls & Los Angeles
------------------------------------
Customer အမေးများသော မေးခွန်းများအား ဖော်ပြပါရစေ။
မေး။ ခရီးစဉ်အတွင်းတည်းခိုမည့် ဟိုတယ်အမျိုးအစားများအား သိပါရစေ။
ဖြေ။ ရေကူးကန်၊ ဝိုင်ဖိုင် နှင့် Gym များပါရှိသည့်အပြင်၊ နိုင်ငံတကာအဆင့်ရှိ နာမည်ကြီး ဟိုတယ်နှင့် Guest rating အမြင့်ဆုံး၊ (၄)စတား/ (၃)စတားအဆင့်ရှိ International Chain ဟိုတယ်များတွင်သာ တည်းခိုမှာဖြစ်ပါတယ်။
မေး။ မြန်မာပြည်မှ ခရီးစဉ်ဦးဆောင်သူ တိုးလီဒါလိုက်ပါမှာလား။
ဖြေ။ မြန်မာပြည်မှ အမေရိကားခရီးစဉ်အတွေ့အကြုံ (၁၀)နှစ်ကျော်ရှိပြီး၊ (၂၀၂၃)နှင့် (၂၀၂၄)ခုနှစ်အတွင်း အမေရိကားသို့အကြိမ်ကြိမ် ခရီးစဉ်လိုက်ပါဦးဆောင်နေသည့် Business Plus ရဲ့ တိုးလီဒါမှ ခရီးစဉ် အစ-အဆုံး လိုလေသေးမရှိ တာဝန်ယူလိုက်ပါဦးဆောင်လမ်းညွှန်မှာဖြစ်ပါတယ်။
မေး။ အစားအသောက်အစီစဉ်လေး သိပါရစေ။
ဖြေ။ နံနက်စာများအား တည်းခိုသည့်ဟိုတယ်များတွင် အမေရိကန်နံနက်စာဖြင့် သုံးဆောင်မှာဖြစ်ပြီး၊ မြန်မာခရီးသည်များအထူးနှစ်သက်သည့် ဂျပန်စတိုင် Hibachi Supreme ဘူဖေးဆိုင်များတွင် နေ့လည်စာနှင့် ညနေစာများအားအများဆုံး စီစဉ်ထားပါတယ်၊ လက်ရှိအမေရိကားတွင် နာမည်ကြီးနေသည့် စီချွမ်တရုတ်စားသောက်ဆိုင်များအပြင်၊ အမေရိကားရှိ နေရာအချို့တွင်သာ ရရှိစားသုံးနိုင်သည့် In-n-Out ဘာဂါ၊ Roger ဘာဂါနှင့် Hometown ဘူဖေးများဖြင့် ခရီးစဉ်အတွင်း မရိုးရအောင်အထူးစီစဉ်ထားပါသည်။
မေး။ သောက်ရေသန့်ဘူးများအား အခမဲ့ပေးပါသလား။
ဖြေ။ သောက်ရေသန့်ဘူးများအား (unlimited) ကြိုက်သလောက် သောက်သုံးနိုင်ရန် ကားပေါ်တွင် အခမဲ့စီစဉ်ထားသည့်အပြင်၊ အအေး၊ အချိုရေဘူးများအားလည်း လိုအပ်သလို အခမဲ့စီစဉ်ပေးသည်။
မေး။ စီးနင်းမည့် တိုးကား အမျိုးအစားများကို သိပါရစေ။
ဖြေ။ မြောက်အမေရိက၏နာမည်ကြီး တိုးကားသစ်ကြီးများဖြင့် လည်ပတ်ပို့ဆောင်ပေးမှာဖြစ်ပြီး၊ ကျမ်းမာရေးအတွက် အပေါ့ပါး အလွယ်တကူ သွားနိုင်ရန်အတွက် တစ်နာရီမှ နှစ်နာရီခြားတိုင်း ကားရပ်ပေးမှာဖြစ်ပါတယ်။
မေး။ စျေးဝယ်ရန် Fashion Outlet Mall များသို့ ပို့ဆောင်ပေးပါသလား။
ဖြေ။ (၃၀%) မှ (၇၀%)ထိ discount ပေးသော နာမည်အကြီးဆုံး ကမ္ဘာကျော်ထိပ်တန်း Brand များ တည်ရှိရာ နယူးဂျာစီတွင်ရှိသည့် Jersey Garden Outlet malls သို့ စျေးဝယ်ရန် ပို့ဆောင်မှာဖြစ်ပြီး၊ စျေးဝယ်လျှင် discount များစွာ ရရှိနိုင်သည့် discount ကူပွန်များအား လက်ဆောင်ပေးမှာဖြစ်ပါတယ်။
မေး။ ဗီဇာရရှိရန်အတွက် ဝန်ဆောင်မှုပေးပါသလား။
ဖြေ။ ဗီဇာအတွက် အသေးစိတ်အကြံပေးခြင်း၊ ဇာတ်လမ်းနဲ့ စာရွက်စာတမ်းပြင်ဆင်ပေးခြင်း၊ ဖောင်များပရိုကျကျဖြည့်ပေးခြင်း၊ သံရုံးအတွင်းထဲအထိအမေရိကားသို့လိုက်ပါပို့ဆောင်မည့် တိုးလီဒါများမှဘာသာပြန်ပေးခြင်းနဲ့ ရနိုင်သလောက် ကူညီဝင်ပြောပေးမှာဖြစ်ပါတယ်။ (အကန့်အသတ်တော့ရှိသည်။)
မေး။ အမေရိကားအီမီကရီးရှင်းများအား လိုက်ဖြတ်ပေးပါလား။
ဖြေ။ လေဆိပ်အဝင်အီမီကရီးရှင်းများအား တိုးလီဒါမှဦးဆောင်ပြီး၊ အဖွဲ့လိုက် Tour Group အနေဖြင့် လိုက်ဖြတ်မှာဖြစ်ပါတယ်။
မေး။ ခရီးစဉ်မလိုက်ပဲ ဗီဇာသီးသန့်ဝန်ဆောင်မှုပေးပါသလား။
ဖြေ။ ဗီဇာသီးသန့်ဝန်ဆောင်မှုပေးပါတယ်။ (အသေးစိတ်အတွက် လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်း(သို့) zoom ဖြင့်ဆွေးနွေးစေချင်ပါတယ်။)
မေး။ ခရီးစဉ်ပြီးဆုံးပြီးနောက် ထပ်မံ၍ဆက်လက်နေထိုင်လိုပါက နေထိုင်ခွင့်ရှိပါသလား။
ဖြေ။ မိမိ၏ဆန္ဒအတိုင်းသာဖြစ်သည်။ နေထိုင်ခွင့်ဗီဇာသက်တမ်းမှာ (၃)လ (သို့) (၆)လဖြစ်ပါသည်။
___________________
Business Plus Travel & Tours Co., Ltd.
ကုမ္ပဏီမှတ်ပုံတင်အမှတ် (၂၈၃၄/၂၀၁၂-၂၀၁၃)
ပြည်ပခရီးသွား လိုင်စင်အမှတ် (ပခ-၂၁၅)
အမှတ် (၁၄၁/၁၄၉)၊ အခန်း (၈၀၅/၈၀၆)၊ ဗားကရာကွန်ဒို
ရွှေလဝင်းလမ်း (ဓာတ်လှေကားနံပါတ်-၃)
စမ်းချောင်းမြို့နယ်၊ ရန်ကုန်
ဖုန်း၊ 09782010000
ဖုန်း၊ 09400600127
Viber: 09782010000
Email: info@businessplusmm.com
www.businessplusmm.com


Expert Visa Assistance
Efficient visa services for Myanmar citizens to US, Canada, Europe.
Book Your Dream Trip
Plan your next adventure with Business Plus Travel and Tours. Explore US, Canada, and Europe from Myanmar.